Join MultiplyOpen a Free ShopSign InHelp
MultiplyLogo
SEARCH

My Emotional Vision



Goto MMG MP MBR Wordpress requests or questions Link

Online Seller

မြလေးသျှင်

Multiply Design Index Blog Photos Videos Reviews Links
 
 
 

Mya Lay Shin

Create Your Badge






  what is my ip address? Watch your thoughts,
They become words
Watch your words,
They become actions
Watch your actions,
They become habits
Watch your habits,
They become character
Watch your character,
It become (your) destiny!!!

   
 

 

         

   
 Links ချိတ်ချင်ရင်
 
 
<center><a href="https://mevision.wordpress.com/" target="_blank" rel="nofollow"><img border="0" src="http://img199.imageshack.us/img199/6113/myalayshin9.png" </a=""></a></center>
 
 
Link: http://ocw.mit.edu/index.htm

ကမ္ဘာ့တက္ကသိုလ်ကြီးများမှ အခမဲ့  online ပို့ ချချက်များ
ပညာဗဟုသုတဆည်းပူးလိုသူများအတွက်​၊Havard, Yale နဲ့ MIT တို့ လိုတက္ကသိုလ်ကြီးများမှ သင်ခန်းစာပို့  ခြချက်များ ကိုအခမဲ့ရယူနိုင်မယ့် ဆိုက်ကိုဖေါ်ပြပေးလိုက်ပါတယ်၊၊ ကမ္ဘာတက္ကသိုလ်တစ်ချို့ က ၂၀၀၂ လောက်ကစပြီး၊ သူတို့ ရဲ့ သင်ခန်းစာပို့ ခြချက်တွေကို online ကအခမဲ့လေ့လာနိုင်ဘို့  စီစဉ် ထားခဲ့ကြပါတယ်၊၊ အခုအခါ MIT တို့ လို Yale တို့ လိုတက္ကသိုလ်ကြီးတွေရဲ့ ဘာသာရပ်ပို့ ခြချက်တွေကိုပါ သင်ခန်းစာများ၊ လေ့ကျင့်ခန်းများ၊ အဖြစ်ကြည့်ရူ့ နိုင်အောင်စီစဉ်ထားပါတယ်၊၊ http://ocw.mit.edu/index.htm ဒီဘက်ခေတ်မှာ အင်တာနက်က သုံးတတ်ရင် ကျောင်းသူကျောင်းသားတွေ အတွက်အများကြီး အကျိုးရှိနိင်စရာ တွေရှိပါတယ်၊၊ အထူးသဖြင့် နိုင်ငံတကာပညာရေးကိုစိတ်ဝင်စားတဲ့ကျောင်းသူကျောင်းသားတွေအတွက်၊​ ဒီလို တက္ကသိုလ် ကြီး တွေမှာ ဘယ်လိုဘာသာရပ်တွေသင်ယူနိုင်တယ်ဆိုတာသိနိုင်သလို့ ဒီဘာသာရပ်တွေရဲ့ သဘော တရားတွေ ကိုလည်း မြည်းစမ်းခွင့်ရမှာဖြစ်ပါတယ်၊၊ နိုင်ငံခြားပညာသင်မသွားနိုင်တဲ့​သူတွေအတွက်လဲအကြိုးရှိနိုင်သလို​၊ ပညာသင်သွားမယ့် တွေအတွက်လဲ ကိုယ်နှစ်သက်ရာဘာသာရပ်တွေကို ကြိုတင်လေ့လာနိုင်တဲ့အခွင့်အရေး​ရရှိနိုင်မှာ ဖြစ်တယ်၊၊ တရုတ်ကျောင်းသားတွေအတွက်တော့ Tudou.com , Youku.com တို့ လိုဆိုက်တွေက တရုတ်စာဘာသာ ပြန်တွေပါ ထည့် သွင်းပေးထားတဲ့အတွက်၊ တရုတ်ကျောင်းသားတွေအတွက် အထူးပဲ အကျိုးရှိပါတယ်၊၊ Online ကသင်ယူနိုင်တဲ့ဘာသာရပ်တွေက စီပွားရေး၊ အင်ဂျင်နီယာ၊ ကျန်းမာရေး၊ လူမှု့ ရေး၊ အနုပညာ၊ ဒီဇိုင်း၊ ဇီဝ ဆေးသိပံ္ပ စသည် ဖြင့်စုံစုံလင်လင် လေ့လာနိုင်သလို့  Supplementary Resources အဖြစ် စာအုပ်များ၊ ဘာသာရပ်ဆိုင်ရာလေ့ကျင့်ခန်းများ​၊ ပို့ ခြချက်မှတ်စုတွေကိုပါ ရယူနိုင်တယ်လို့ သိရပါတယ်၊၊ “ဥပမာ စီပွားရေးဘာသာရပ်ရဲ့ အခြေခံသဘောတရားတွေဖြစ်တဲ့  Supply နဲ့ Demand ရှင်းလင်းချက်တွေဆိုရင် မြန်မာကျောင်းသူကျောင်းသားတွေအတွက် တော်တော်လေးအကျိုးရှိပါတယ်၊၊ ပြီးစာမေးပွဲအတွက် မေးခွန်းနဲ့ အဖြေကို လည်း တစ်ခါထဲလေ့လာနိုင်ပါတယ်၊၊ နောက်ပြီး အင်ဂျင်နီယာဘာသာရပ်နဲ့ ပတ်သက်ပြီးအခြေခံသဘောတရားတွေ ကိုပါလေ့လာနိုင်ပါတယ်၊၊” ကျောင်းသားကျောင်းသားများ online မှတဆင့် ပညာရပ်ဆိုင်ရာများ အကျိုးရှိစွာအသုံးချနိုင်ကြပါေ​စ၊၊
By: CROWN Education

Credit > Crown Education

2 Comments
nayyaungflops wrote on Aug 14, '11
ဟုတ်ပါ့ဗျာ
ချက်တင်နဲ့အချိန်ကုန်နေတဲ့ ချာတိတ်တွေ
ဒီလိုဆိုဒ်တွေ လေ့လာကြစေချင်တယ်

thaw2npt wrote on Dec 15, '11
လာလည်ပါတယ်...မမြလေးသျှင်..
Add a Comment