Join MultiplyOpen a Free ShopSign InHelp
MultiplyLogo
SEARCH
My Emotional Vision
Goto MMG MP MBR Wordpress requests or questions Link
Online Seller
မြလေးသျှင်
Multiply Design Index Blog Photos Videos Reviews Links
Mya Lay Shin
Create Your Badge
  what is my ip address? Watch your thoughts,
They become words
Watch your words,
They become actions
Watch your actions,
They become habits
Watch your habits,
They become character
Watch your character,
It become (your) destiny!!!
 Links ချိတ်ချင်ရင်
<center><a href="https://mevision.wordpress.com/" target="_blank" rel="nofollow"><img border="0" src="http://img199.imageshack.us/img199/6113/myalayshin9.png" </a=""></a></center>
ဓာတ်ပုံ ပန်းချီ ရုပ်ပုံကားချပ်များ
 ဒီနှစ် တန်ဆောင်တိုင်ပွဲတော်မှာ လမ်းမတော်မြို့နယ်၊ ၁၃ လမ်း (အောက်လမ်း)ထဲ ဦးဘဂျမ်း လမ်းကာတွန်းပြပွဲ (၆၈)ကြိမ် မြောက်အဖြစ် စည်ကားသိုက်မြိုက်စွာ ပြန်လည် ပေါ်ထွက်လာပါတယ်။
ရန်ကုန်မြို့ ၊ လမ်းမတော်မြို့ နယ်၊ ၁၃ လမ်းအောက်လမ်းတွင် ပြသနေသော
ဦးဘဂျမ်း ဂုဏ်ပြုထားသော ကာတွန်းဆရာများရဲ့ ကာတွန်းပြပွဲ
ဒီနေ့ ကာတွန်းပြပွဲကို သွားကြည့်မိတဲ့အခါ ညနေထဲက ကြည့်ရှု့ နေတဲ့လူတွေအတော်များပါတယ်။
ကာတွန်းတွေစီတန်းပြထားတဲ့ ၁၃ လမ်းတစ်လျှောက် မှာ ကာတွန်းတွေဖတ်ပြီး တခိုးခိုးတခစ်ခစ်ရယ်မောသံများကိုကိုပါ ကြားရပါတယ်။ ကျွန်မကိုယ်တိုင် ကလေးတွေလို ကာတွန်းတွေဖတ်ပြီး ကိုယ်တိုင်ပြုံးမိပါတယ်။ ကလေးတွေတင် ရယ်မောကြသည်မဟုတ်ပါ.။ လူငယ်တွေလည်း ကာတွန်းပြပွဲမှာ အတ်ာများများတွေ့ ရပြီး သဘောကျနေကြသည်။
 လူကြီးတွေလည်း ကာတွန်းတွေကိုဖတ်ပြီး နှစ်ခြိုက်ကြသည်။
ကာတွန်းပြပွဲမှာ လူတွေက ရယ်စရာတစ်ခုခုနဲ့ တွေ့ လျှင် တစ်ယောက်တည်းဘယ်တော့မှ မခံစားတက်၊ ဘေးက ပါလာသည့် အပေါင်းအဖော်ကိုပါ လက်တို့ ပြီး အပြုံးချင်း ဓာတ်ကူးယူတက်ကြသည်ကို ကျွန်မတွေ့ မြင်ခဲ့ရပါတယ်။
ကာတွန်းတွေက ခေတ်အခြေအနေကို လှောင်ပြောင်ပြသည်၊ လှစ်ဟပြသည်။ စာတွေပါတဲ့ ကာတွန်းတွေက များသလို စာမဲ့ကာတွန်းတွေလည်းပါသည်။
လမ်းတစ်လျှောက် ပြသထားသော ကာတွန်းတွေအတော်များပါသည်။ နှစ်သက်မိခဲ့သော ကာတွန်းများကို ပြန်လည်မျှဝေလိုက်ပါတယ်။
ဟုတ်ပါတယ်..စာရေးဆရာတွေဝင်ငွေအတွက် အများကြီးလိုအပ်ချက်တွေ ရှိနေပါသေးတယ်။လူတွေစာဖတ်ဖို့ စာအုပ်တွေ ၀ယ်ဖို့ ဆိုတာကလည်း ဈေးကွက်အရကြည့်ရင် အတော့်ကိုလိုအပ်နေပါတယ်။  
ပဲပြုတ်သည်လည်း ဒီခေတ်ရောက်အောင် မနှေးဆောင်ပါမည်.....
ကြက်ဥကြော်ဖြစ်ကုန်ပြီ,,,
လူကြီး ဆိုသည်မှာလည်း.....
မမြဲခြင်းတရားကိုလည်း လက်စွဲထား လူရော အိတ်ရောဖောင်းကား....
ရာသီဥတုဆိုတာ ဒီလိုပါ......(သဘာဝဘေးအတွက် ရိုးရိုးရှင်းရှင်းကာတွန်းလေးပါပဲ)
အိမ်ဦးနတ်လည်း အိမ်ရှင်မစည်းကမ်းကို ကြည့်နေရပြီ....
နတ်ပြည်နဲ့ ငရဲပြည်ကို အင်တာသွားဗျူးတော့ နတ်ပြည်မှာ အလုပ်ပါးပြီး..ငရဲပြည်မှာ အလုပ်ရှုပ်နေတယ်တဲ့... ငရဲသွားသူတွေအများသားနော်..
ခက်ပါလား အတုတွေရယ်...
အချစ်သစ်ပင်ဆိုတာ ရှင်သန်စေချင်ရုံနဲ့ ဘယ်ဖြစ်မလဲ..
ပြုစုပျိုးထောင်ပေးဖို့ လိုသည်ပဲလေ...
ဒါလည်း အပြောကလွယ်သည် တကယ့်လက်တွေ့ ခက်သည်ပဲလေ......
ရှင်းလိုက်တဲ့ကာတွန်းဆွဲထားတဲ့ ဆရာမြေဇာရယ်...
အော်...တရားမရသေးပါလား ကိုကြီးတို့ ရယ်..( ကာတွန်းထဲမှာ ကိုရီးဟုခေါ်သော ကိုရီးဟုပါသော်လည်း စာတွေရေးနေတဲ့ ကိုရီးဖြစ်ဟန်မတူပါ...သို့ သော် ကာတွန်းထဲမှာတော့ ပုံစံတူသည်. ဟီး)
ဒီအမှိုက်ပုံကြီးကိုကြည့်ပြီး နိုင်ငံခြားသားကြီးက အထင်ကြီးပြန်ပြီ ...
&
  အလုပ်ရှင်ဘက်ကလည်း ဒီလိုမြင်ရင် ပတ်ဝန်းကျင်ကလည်း ထောက်ပြစရာဖြစ်လာပြီပေါ့...
ဒီကာတွန်းလေးကတော့ အလုပ်တွေမှာ "တော်" တဲ့လူတွေကြီးပဲ ခန့် ထားသလိုမျိုးပေါ့..ဘာတော်လည်း ဆိုရင် "အမျိုး"တော်တဲ့သူတွေချည်းပဲကိုး...။
ဒီကာတွန်းလေးက ဗျူးလည်း ဗျူးတက်သူနဲ့  ဖြေလည်း ဖြေတက်တဲ့ လူမမာပေါ့..
အင်း..ကိုးရီးယားရောဂါ ကလည်း...ဘာပဲဖြစ်ဖြစ် မြန်မာဆန်တာကပဲ ကောင်းပါတယ်နော်...
CSR ဆိုတော့ အပီအာတာပေါ့ကွယ်
တို့ ကတော့ ယုန်နှစ်မှာ ယုံအောင်မပြောတက်ပါဘူးကွယ်
လုပ်ပြန်ပြီ...ငရဲပြည်ကြီးအထိ သွားဗျူးပြန်ပြီ...အင်တာဗျူးဒီလောက်ကောင်းတာ ယမမင်းကြီးက ဒယ်အိုးထဲကျော်စားမယ့်ပုံပဲ..ဟဲဟဲ
အင်း..ဘယ်သူလိမ်နေတယ်..ဘယ်သူညာနေတယ်..မပြောတော့ပါဘူး...
ကားအရောင်းဝယ်ကလည်း နာမည်ပေးပုံများနော်...
ဆင်းရဲ ချမ်းသာ ကွာဟနေတယ် ပြောချင်တာတွေလည်း ပြောကြပါစေကွယ်..ကံတွေများနော်...လိုတာမရ၊ ရတာမလို ဆိုသလိုပါပဲလားကွယ်။ ဒီကာတွန်းလေးကတော့
တိုက်နဲ့ တဲမှာ ဗိုက်နဲ့ မလဲနိုင်တာတွေကို အစာမသွပ်နိုင်လို့ ...
သူတောင်းစားလေသံကလည်းနော်..ရာထူးကြီးကြီးယူထားရတဲ့ အရာရှိတွေလေသံနဲ့ တူလိုက်တာ..
ကျွန်မ ဒီကာတွန်းပြပွဲမှာ ကားလောကနဲ့ ပက်သက်တဲ့ အခေါ်အဝေါ်လေးတွေကို အတော်ရလိုက်ပါတယ်။
ဒီကာတွန်းလေးလည်း ပညာသားပါတာပဲ..ရေစင်ကြီးက ခိုင်ပြီး ကောင်းတာမှန်ပေမယ့် ပေါက်နေတာတော့ ဘယ်ကောင်းမလဲပေါ့..
ဒီကာတွန်းလည်း ငွေတွေနဲ့ ပက်သက်လို့ ဟုတ်တာပေါ့..။
ကဲ..သကြားမင်းကြီးလည်း မနေနိုင် ကာတွန်းပြပွဲသွားထိုင်မှာတဲ့..
အချိန်မရတော့လို့ နောက်နေ့ မှပဲ ကျန်နေတဲ့ ကာတွန်းတွေ ဆက်လက်ဖော်ပြပေးပါ့မယ်နော်........ဒီနေ့ တန်ဆောင်မုန်းလပြည့်ညမှာ မယ်ဇလီဖူးသုတ်လေးလည်း စားရတော့မှာမို့ ..ဒီလောက်နဲ့ ပဲ..
ယောနိသောမနာသီကာရဖြင့်
လေးစားလျှက်
မြလေးသျှင်
(၁၀/ ၁၁/ ၂၀၁၁)
----------------------------------------------------------------------------------------
တန်ဆောင်တိုင် ဦးဘဂျမ်းလမ်း ကာတွန်းပြပွဲမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ခေါင်းစဉ်ကြီးတွေနဲ့ မလွတ်တမ်းပါတဲ့ ဟာသကွက်များပါသလို စတုထ္တမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းဟာသများလည်းပါဝင်လာတာတွေ့ ရပါတယ်။
ဦးဘဂျမ်းနေထိုင်ခဲ့သော အိမ်မှ ချိန်ဆွဲထားသော ဦးဘဂျမ်းပုံ
ဒါ့အပြင် ကမ္ဘာကြီးပူနွေးလာပုံနဲ့ လူသားတွေကို ခြိမ်းခြောက်လာတဲ့ သဘာဝဘေးအန္တာရယ် ဆိုးတွေကို သရုပ်ဖော်ပြတဲ့ ကာတွန်းတွေလည်း ပါဝင်လာတာတွေ့ ရပါတယ်။
ဝုန်းကနဲ ဆို..လန့် လိုက်တာရှင်..
ကမ္ဘာကြီးပူနွေးလာတာကို သတိပေးထားတဲ့ ကာတွန်း..။
ကလေးအငိုတိတ်အောင် ဖိုးလမင်းလည်း မကယ်နိုင်..အင်တာနက်ခေတ်ကြီးကိုး...ဒီကာတွန်းလေး ဖတ်ပြီး ပြုံးမိပါတယ်။
အထူးကုဆေးရုံပေါ်တက်သွားတဲ့ အခါ ဖိနပ်က သားသားနားနား နိုင်ငံခြားဖိနပ်နှင့် ပြန်ထွက်လာတော့ ခြေလှမ်းတွေက ဖိနပ်တောင် မပါတော့...။ ဟုတ်လိမ့်မည်..ဆေးရုံစရိတ်တွေက နည်းမှ မနည်းပေကိုး..။
ဒါကြောင့် စိုးရိမ်ရတာလေ..။
ဒီကာတွန်းကလည်း အထူးကုဆေးရုံတွေမှာ ဖြစ်လေ့ဖြစ်ထရှိနေတာမို့  ဆရာဝန်တွေ ရင် တထိတ်ထိတ်နဲ့ ပေါ့...အနောက်နိုင်ငံမှာလည်း လူနာရှင်တွေက ဆရာဝန်တွေကို တရားစွဲခွင့် အပြည့်ရှိနေတာမို့  မိုက်ကယ်ဂျက်ဆင်သေဆုံးတဲ့အမှုမှာ သူ့ ကိုကုပေးတဲ့ဆရာဝန်လည်း တရားစွဲလို့ မပြီးသေးဘူး...ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း ဒီလို အလေ့အထတွေ တွေ့ လာရတာကို မီးမောင်းထိုးပြထားတာပါ။ ဆရာဝန်တွေတော့ သတိချပ်စရာဖြစ်လာပြီပေါ့...။
အလုပ်ရုံဆွေးနွေးပွဲကလည်းနော် ကြိုးနီစနစ်မပျောက်သေးတာကို ဖော်ပြလိုက်တာပါ။
သစ်ပင်တစ်ပင် မဖြောင့်မတ်ရင် ခံပေအုံးတော့ ဆိုတဲ့အတွေးလေးကို စာသားလေးတွေနဲ့ ဆွဲထားတာကို တွေ့ ရပါတယ်။
ကြံရည်ဖန်ရည်ဆိုတာကလည်း နော်...
တိုင်စာပုံးက အမြင့်ကြီးပဲနော်...
BRAIN DRAIN လို့ အများခေါ်နေကြတဲ့ ဦးနှောက်တွေ ယိုစီးသွားတာကို BRAIN GAIN ဖြစ်အောင် စာတမ်းကြီးနဲ့ ပဲ ကြိုဆိုနေမှာလားဟင်..
မော်တော်ပီကယ်နဲ့ ဘောလုံးသမား အလုပ်အနေအထားချင်း တူသတဲ့...။
ဒါကတော့ ကပြားလေးဆိုတော့ ဒီလောက်တော့ရှိမှာပေါ့...
ကဗျာဆရာတွေ ကာရန်မညီပုံများ..ဟဲဟဲ..။
တရားအားထုတ်၊ တရုတ်အားထား ဆိုတာ ဒီလိုတဲ့။
ကဲ..သောက်ချင်အုံး..မိုးခါးရေ...ရေတောင် မရှိတော့ဘူး..ဒါလည်း အတော်ပြောင်မြောက်တဲ့ကာတွန်းပါပဲ..။
စီးပွားဖြစ် သိပ်မတွက်ကြပါနဲ့ နော်..။
ဒီကာတွန်းလေးကလည်း လမ်းဘေးဈေးသည်တို့ ရဲ့ ဘ၀ကို ဖော်ညွှန်းနေတာပါ။ စည်ပင်သာယာတွေကလည်း စည်းကမ်းနဲ့ ဖမ်းပါတယ်...ပိုက်ဆံယူပြီးလည်း ဖမ်းပါတယ်..အမှန်တကယ်တော့ ပျံကျဈေးသည်တွေဘ၀က ၀မ်းစာအတွက် ရှာဖွေဈေးရောင်းရတာ သနားစရာကောင်းပါတယ်...ဘ၀သမားတွေပေမယ့် သီချင်းလေး ဆိုရင်း......။
ငေးမောကြည့်နေကြသည့် ကာတွန်းကြည့်ပရိသတ်များ
ဟိုဘက်အိမ်က ထိန်ထိန် တို့ တွေဘက်က မှိန်မှိန်....ဘယ်လိုလုပ်မှာလဲ...တိန်...
ရုံးထဲမှာ ဒီစာတမ်းကပ်လည်း မှားမယ်မထင်ပါဘူး ဆရာတို့ ရယ်...
ရုံးမှာ လက်ဖက်ရည်ဖိုးမပေးနဲ့ ..ဆိုင်မှာပဲပေး........။
ရင်ထဲက ဗိုလ်ချုပ်အတွက်...။
သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားမယ်ဆိုတဲ့ စကားပုံကို ကာတွန်းလေးနဲ့ အမိအရ ဆွဲပြနိုင်လိုက်တာပါပဲ..။ ငှက်တွေကလည်း  များလိုက်တာနော်...သစ်ပင်လေးက အခုမှ ပေါက်ခါစ ပင်နုလေး...ဒီကာတွန်းဆွဲတဲ့ ဆရာကျော်သူရိန်ကိုလည်း ချီးကျူးမိပါတယ်။ ဟုတ်တယ်..ဆရာရေ...ကျွန်မတို့ နိုင်ငံကလည်း ဆရာဆွဲထားတဲ့ ကာတွန်းအတိုင်းပဲနော် ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်ချင်ပါတယ်။
ကာတွန်းတွေကို တက်နိုင်သလောက်ကြိုးစားပြီး ဓာတ်ခဲကုန်ခါနီးအထိ ဓာတ်ပုံတွေ သိပ်မကြည်တော့လို့ တက်နိုင်သလောက် ဓာတ်ပုံရိုက်ယူရင်း  မျှဝေပေးလိုက်ပါတယ်နော်။
ကာတွန်းတွေထဲမှ ဘ၀အမောများကို ဝေမျှယူရင်း...
ယောနိသောမနာသီကာရဖြင့်
လေးစားလျှက်
မြလေးသျှင်
(၁၁/ ၁၁/ ၂၀၁၁)
U Ba GyanCARTOON.JPG
1 Comment
paramitoe wrote on Mar 4
ကာတွန်းတွေ ကောင်းလိုက်တာ၊ ထိလိုက်တာဗျာ ကျေးဇူးပါ
Add a Comment